အိမ်မဲမြို့တွင် Pilot Progress အစီအစဉ်ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၂၂) နှစ်နှင့်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

အိမ်မဲ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသည့် Pilot Progress အစီအစဉ်ရက် (၁၀၀) စီမံချက်ဖြင့် ၂ဝ၂၆ခုနှစ် အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်နှင့်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အားကစားအဖွဲ့များက ကွင်းအတွင်းဝင်ရောက်နေရာယူ၍ အိမ်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌအား အလေးပြုခဲ့ကြသည်။ ထို့နောက်  အိမ်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အသက် (၂၂) နှစ်နှင့်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အခြေခံပညာကျောင်းအသီးသီးမှ အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)