အုတ်ဖို ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဦးအရာရှိဒေါ်ညွန့်ညွန့်စိန်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်သူများအား စာပေဖတ်ရှုမှုအားကောင်းလာစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟုသုတဖြစ်ဖွယ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)