အောင်လံမြို့၌ သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံဆွေးနွေး

အောင်လံ ဇူလိုင် ၂၀

အောင်လံမြို့နယ် ဝါကြိတ်စက်၊ ဝါဖိစက်၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်းကို အောင်လံမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အောင်လံမြို့နယ်အတွင်း ဝါစိုက်ဧက(၆)သောင်းကျော်ရှိပြီး ဝါမှဝါဂွမ်းနှင့်ဝါစေ့များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ချည်ရက်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ ပေါများစွာရရှိရေးအတွက် ဒေသတွင်း ဝါကြိတ်စက်နှင့်ဝါဖိစက်များ တိုးချဲ့ထူထောင်နိုင်ရေး၊ လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများသို့တင်ပြနိုင်ရေးအတွက် သမဝါယမအသင်းဖွဲ့စည်းပြီးပါက ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝါကြိတ်စက်၊ ဝါဖိစက်၊ လုပ်ငန်းရှင်များ သမဝါယမအသင်းဖွဲ့စည်းရေးကိစ္စရပ်များအား တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)