ရေကြည်မြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရေကြည် ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာရှိအိမ်ခြေ (၃၆) လုံး၊ ရွာမြေဧရိယာ (၅.၁၁၄) ဧကအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်များ အမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်‌ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးမည့် အိမ်များအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများလက်ဝယ်သို့ မြေငှားဂရန်များ စနစ်တကျနှင့် အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးမည့်အိမ်ခြေများအား အိမ်တစ်အိမ်တက်ဆင်း စစ်ဆေးနေသည့် လုပ်ငန်းစဉ်များကို အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှန်တကယ်နေထိုင်ပိုင်ဆိုင်မှု ရှိ၊ မရှိအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးမေးမြန်းခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)