မုဒုံမြို့၌ အရန်သားဖွားဆရာမများ ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မုဒုံ ဇူလိုင် ၂၀

မွန်ပြည်နယ် မုဒုံမြို့၌ အရန်သားဖွားဆရာမများ ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်း ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က သားဖွား ဆရာမများ လွှမ်းခြုံမှုအားနည်းသည့် ကျေးလက်ဒေသများတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်း၊ မွေးဖွားပြီးစောင့်ရှောင့်ခြင်းနှင့် သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့် မိခင်နှင့်ကလေး၊ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကို ကူညီအားဖြည့် ဆောင်ရွက် ပေးကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက အရန်သားဖွား ဆရာမများ၏ တာဝန်နှင့်ဝတ္ထရာများ၊အခြေခံကျန်းမာရေးဆိုင်ရာများကို ()ရက်ကြာ သင်ကြား ပေးသွားမည်ဖြစ်ပြီး မြို့နယ်ရှိအရန်သားဖွားဆရာမများ တက်ရောက်လျက် ရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)