စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လိုက်လံကြည့်ရှု

မုံရွာ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၉ ရက်နံနက်ပိုင်းတွင် ခန္တီး-ဆင်သေ-လဟယ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅၃-၅၄ ကီလိုမီတာအတွင်းရှိ ထိန်ညိုတောင်ရှုခင်းသာနှင့် ရိုးရာအဆောက်အဦ တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ လမ်းအထူး(၁၉)မှ တာဝန်ခံအင်ဂျင်နီယာမှ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိန်ညိုတောင်ရှုခင်းသာနှင့် ရိုးရာအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီး-ဆင်သေ-လဟယ် ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် - ၇၃-၇၄ ကီလိုမီတာကြားရှိကားလမ်းဘေး ယာယီမြေ ထိန်းနံရံ (မြေကာတုပ်)နိမ့်ဆင်းသွားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ “ဟွေထိုက်” ချောင်းပေါ်တွင် ရေထိန်းတမံ တစ်ခု တည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည့် “ဟွေထိုက်” အသေးစားရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး စီမံကိန်းတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ တည်ဆောက်ရေးပစ္စည်းများ လုပ်ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ တောင်သူ ဦးဘယောင်ကိုင်းကီ စိုက်ပျိုးထားရှိသည့် တောင်ယာမိုးစပါးများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ကြေးတိုင်ပြင် ကွင်းအတွင်း ဒေသမြို့နယ်အဆင့် ဌာနဆိုင်ရာရုံး အဆောက်အဦများနှင့် ရိုးရာကွင်း ဆောင်ရွက်မည့် မြေနေရာရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရှင်းလင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ မြို့တော်ခန်းမ တည်ဆောက်မည့်မြေနေရာများသို့ ရောက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ မိုးဒါန်းရေကန်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူမှ ရေကန်အဆင့်မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် လဟယ်ဒေသရှိ တိုင်းရင်းသားပြည်သူများ သောက်သုံးရေ ဖူလုံပြည့်ဝစေရေးအတွက် ဗြန်းရှောင်ချောင်းစိမ့်စမ်းရေ ထွက်မှ ရေပိုက်လိုင်း တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မိုးဒါန်းရေကန် ရေဝင်ရောက်မှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ပျိုးထောင်စိုက်ပျိုးထားရှိသည့် ရွေ့ပြောင်းတောင်ယာစနစ် လျော့ချရေး နှစ်ရှည်သီးနှံ ကော်ဖီ၊ လက်ဘက်ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုမျာအား  လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားတောင်သူများထံ နှစ်ရှည်သီးနှံ ကော်ဖီ၊လက်ဘက်ပျိုးပင်များနှင့် မျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်း(ပြန်/ဆက်)