တွံတေး ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေလည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဋ္ဌေးအောင်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ယနေ့ခတ်ကြီးတွင် စာအုပ်စာပေသာ အမှန်ကန်ဆုံးနှင့်အားကိုးထိုက်ဆုံး လမ်းပြကြယ်ဖြစ်ကြောင်း၊ စာဖတ်ခြင်းကြောင့် လူ၏အတွင်းစိတ်ကို နူးညံ့စေသဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်သည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်၊ အသိပညာ ဗဟုသုတကြွယ်ဝလာစေရန်၊ ဗဟုသုတ အလင်းပွင့်စေရန်၊ စာအုပ် စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာဖတ်ခြင်းကြောင့် အတွေးအခေါ် အမြော်အမြင်များ ပိုမိုရှင်သန်လာကြောင်းနှင့် နိုင်ငံတော်၏အနာဂတ်ကို ဦးဆောင်မည့် ကျောင်းသား/ကျောင်းသူ လူငယ်များကို အသိဉာဏ်ပညာပြည့်ဝသော အဖိုးတန် ရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားများ ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထား သော သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာနေကြ ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)