တွံတေးမြို့နယ်၌ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး

တွံတေး ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တိုလမ်းဆုံတွင် တွံတေးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဥ်များအား နိုင်ငံတော်မှ စက်သုံးဆီသုံးစွဲမှုလျော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် တွံတေး-ဒလကားလမ်း ကံဘဲ့လမ်းဆုံတွင် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဥ်များအား နိုင်ငံတော်မှ စက်သုံးဆီ သုံးစွဲမှုလျော့ချရေး သတ်မှတ်ထားသည့်စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီဆိုင် ဆီရောင်းချနေမှုအခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီ ရောက်ရှိ/ ဖြန့်ဖြူမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေး စသည်များမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုများကို တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စျေးတာဝန်ခံ (၃) ဦးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းကျော်၊ အမှတ် (၅၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ပြည်စိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဒုဦးစီးမှူး ဦးသော်ဇင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆီဆိုင်များတွင် QR စနစ်ဖြင့် ဆီဖြည့်ပေးမှု ရှိ/ မရှိ ဆီမှောင်ခိုရောင်းချနေမှု ရှိ / မရှိ QR စနစ်ဖြင့် ရောင်းချနေမှု ရှိ/ မရှိ အား စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေး (ပြန်/ဆက်)