ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရောင်းချသော စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး

ကော့မှူး ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဆီကုန်သည်များအသင်းမှ ခွဲဝေကြီးကြပ်မှုဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိသော  စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေ းဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့က ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည် ပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်အတွင်းရှိ ကျိုက်ထော် (တောင်)ကျေးရွာ၊ ကျိုက်ထော်(မြောက်) ကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ၊ ငှက်အော်စမ်း ကျေးရွာများရှိ စားအုန်းဆီ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များအား ဌာနများ၏ ညွှန်ကြားချက်များအတိုင်း စနစ်တကျ ဆောင်ရွက်ကြရန်၊ ပြည်သူများကို စာအုန်းဆီ များ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းရောင်းချရေး၊ ဈေးကစားလိုသည် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချရန် စားအုန်းဆီများအားသိုလှောင်ခြင်းမပြုလုပ်ကြရန်နှင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)