ကန်ကြီးထောင့် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဇူလိုင်လ(၁၆)ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့သည်။
အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများက အလယ်တန်းအဆင့်(စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲ)၊ မူလတန်းအဆင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများအားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌ ဦးသက်နိုင်ဦးနှင့် လွှတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ကျောင်းသား/သူလေးများအား အသိပညာဗဟုသုရဖွယ် နံရံကပ်စာစောင်များ၊ စာအုပ်စာ စောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု မှတ်သားခဲ့ကြသည်။
အလားတူ အဆိုပါပြိုင်ပွဲများအပြင် ပုံပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းအပြောစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲများအား ဇူလိုင်လ(၁၇)ရက်နေ့ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)