သတင်းများ

ဒေးဒရဲမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်းဝန်းအတွင်းရှိ နှစ်ထပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊  ကဝမြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၅၉၅)ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 22,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ(၅၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက် ၉ နာရီ က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ထိုးနှံပေးလျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (အနောက်ရပ်)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများပြုလုပ်
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်   (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)(အနောက်ရပ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ပြုလုပ်
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာ ခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ ၊ကုန်စုံဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား SOP စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ တားဆီးထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့်   မြို့နယ်စည်ပင်သာယာရေး ဦးစီး ဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၂ ရက် နံနက်  ၁၀ နာရီ အချိန်က မြို့နယ်အတွင်း ဖွင့်လှစ်‌ရောင်းချ လျက်ရှိသော စားသောက်ဆိုင် ၊ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား SOP စည်းကမ်းနှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။