မအူပင် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန် ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။ အားကစားပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ဘော်လုံးနောက်ပစ်၊ ခါးလှည့်ကွင်း၊ ထိုင်ခုံလုနှင့် ဘဲဥကောက်ပြိုင်ပွဲအား ပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၅)ဦးက အားကစားပြိုင်ပွဲတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြောင်း သိရသည်။
မအူပင်(ခရိုင်/ပြန်ဆက်)