ပူတာအိုခရိုင်၌ စာရေးဆရာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေး
Dec 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်း၍ စာဖတ်သူ တိုးပွားလာစေရန်၊ ပါဝင်ဆွေးနွေးသည့် အလေ့အကျင့် ရရှိစေရန်နှင့် အမြဲလေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပသည်။