သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ အတွက် အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ် (၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ သုတ၊ ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များအား ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် အသစ်လဲလှည်၍ ငှားရမ်း ပေးသွားမည်ဖြစ်သည်။ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာများ၊ ကျောင်းများသို့ လစဉ်အလှည့်ကျ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)