ကဝ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ကဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) စာအုပ်စာစောင် ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲသို့ လာရောက်ကြသော စာဖတ်ပရိသတ်များက ခင်းကျင်း ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစာအုပ်များ၊ သုတ/ရသ စာအုပ်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)