ကျောက်ဖြူ ဒီဇင်ဘာလ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ(၅၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက် ၉ နာရီ က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ဆေးထိုးရန်လာရောက် ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်း များက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေး ဌာနမှဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃၃၆၉) ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ(၄၁)ဦး၊ ကိုင်ပိုင်အထက် တန်းကျောင်းများမှ (၂၁၅)ဦးနှင့် IDPs စခန်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းမှ (၆၅)ဦး၊ စုစုပေါင်း(၁၃၆၉၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ယနေ့တွင် အကြောင်း အမျိုးမျိုး ကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူ ၅၉၅ ဦးအားဆက် လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ပြောကြားသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင် ကျော်နှင့် ပညာရေးဌာနမှတာဝန်ရှိသူများက လှည့်လည်ကြည့် ရှုပြီး အားပေးစကားများပြောကြားခဲ့ ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)