သတင်းများ

စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Dec 22,2021
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း/ သံဃာများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိနိုင်ငံဝန်ထမ်းပင်စင်စားများအားလစာငွေများ ဒုတိယနေ့ထုတ်ပေးလျက်ရှိ
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ ၁၁၀ အုပ်စုတွင် နေထိုင်ကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ဒီဇင်ဘာ၂၁ ရက်နေ့မှစတင်ထုတ် ပေးခဲ့ရာ ယနေ့ဒုတိယမြောက်နေ့အဖြစ် နံနက် ၇ နာရီမှစတင်ကာ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှသိရှိရသည်။
သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Dec 22,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဒီဇင်ဘာ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီ မှ နေ့လည်၂ နာရီထိ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
ဟင်္သာတမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က လာရောက်လေ့လာ ကြည့်ရူသူများအား ပြခန်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်
Dec 22,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက် မြို့မရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Dec 22,2021
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ကာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် ကာလ်ဆင်နှစ်ခြင်းဘုရားကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထား
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက် ထားခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်မီးငြှိမ်းသတ်ခြင်း သရုပ်ပြ
Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့ရှိ  ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့ မီးငြှိမ်းသတ်နိုင်ကြစေရန် ရည်ရွယ်ကာ  ယနေ့ နံနက်(၁၀) နာရီ အချိန်က မြို့မစည်ပင် သာယာဈေးကြီးတွင်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။