အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (အနောက်ရပ်)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများပြုလုပ်

ကျောက်တံခါး ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်   (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)(အနောက်ရပ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး ကာယ ဉာဏ စွမ်းရည်များ ရင့်သန်လာစေရန်အတွက် ရည်ရွယ်၍  မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မီတာ(၅၀) မီတာ(၁၀၀) အပြေးပြိုင်ပွဲများ၊ အာလူးကောက်၊ မုန့်စား၊ အိပ်စွပ်ပြေး စသည့် ပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြောင်းနှင့် ဆုရရှိသူများအား ဆုများအသီးသီးသီး ပေးအပ်ခဲ့ကြောင်း တာဝန်ခံဆရာမတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)