သတင်းများ

သင်္ဃန်းကျွန်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ် ပိတ်ပေါင်းများ  ခုတ်ထွင်ရှင်းလင်းဆောင်ရွက်
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် သန်ရှင်းသာယာလှပစေရေးနှင့်  အမြင်တင့်တယ်စေရေးအတွက် ဆ/ကရပ်ကွက်၊ ကျိုက္ကစံဘုရားဝန်းအတွင်းနှင့် ကျိုက္ကစံဘုရား လမ်းမကြီးဘေးဘက်ဝဲ၊ ယာ လမ်းတစ်လျှောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ကြီးကြပ် မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီး‌လုပ်ကွက်ဟောင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွား
Dec 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ယနေ့နံနက် (၄)နာရီခွဲအချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံမြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ဘုတ်တွင်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Phase-4 ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ           
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ပြည်သူ့ဆေးရုံအဟောင်း၌ ဆေးထိုးစုရပ်(၂)နေရာ၊ ဆေးထိုးစုရပ်(၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့မဈေးနှင့် ရပ်ကွက်များတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့မဈေးအတွင်းနှင့် ရပ်ကွက်များတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Dec 22,2021
‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Dec 22,2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုများ နှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲတွင် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။