သတင်းများ

မိုးကောင်း၌ ကျွန်တော့်အတွေးအခေါ်မှတ်စုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Dec 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ဆရာကြီးတက်တိုး၏ ကျွန်တော့်အတွေးအခေါများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ Community Centre တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံး ခန်းမတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အားကစားနှင့် ကာယပညာဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သွားလာရန်ခက်ခဲသော ‌တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး
Dec 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုး စုရပ်များ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စပါးအထွက်နှုန်းတိုးတက်စေရေး မျိုးစေ့ချကရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျစေရန်နှင့် တစ်ဧကမျိုးစေ့ အသုံးပြုနှုန်းထား လျော့ကျစေရန်အတွက် ယနေ့နံနက် (၈)နာရီခွဲအချိန်က ဘက်စုံအဆင့်မြင့် နည်းပညာသုံး ကုန်းတန်းကလေးကျေးရွာရှိ တောင်သူဦးမောင်စိုး၏ လယ်မြေဧက ၃၀ အတွင်း၌ မျိုးစေ့ချကရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ သိရှိစေရန် နံရံကပ်ပြဘုတ်တွင် ပြသပေးထား
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ အများပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်တွင် ပညာရေးဌာနက ဦးစီးကျင်းပသည့် မြို့နယ်အဆင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အထက (ငပုတော) ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာတွင် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးစုစုပေါင်း၃၅ဦး ဝင်ရောက်ယှဉ်ပြိုင် ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ BaB အားဆေးနှင့် ကစားစရာ အရုပ်များ ဖြန့်ဝေ
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းများသို့ BaB အားဆေးနှင့် ကစားစရာ အရုပ်များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ မူလတန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။