သတင်းများ

အင်္ဂပူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် မကျန်ရှိတော့ကြောင်း ထောက်ခံချက် ပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စောလျှင်စွာပြီးစီးခဲ့သော ရပ်ကွက် / ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
Dec 22,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၁၀)နာရီက ပြည်နယ်အစိုးရးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
သရက်ချောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် မီးဘေးလုံခြုံရေး အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို ယနေ့နံနက်(၉)နာရီက  ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီး၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရန် လူသုံးကုန်ထုတ်လုပ်မူ နည်းပညာသင်တန်းဖွင့်လှစ်
Dec 22,2021
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မူနည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီ က ကုက္ကိုလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၅၉၅)ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 22,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၅၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ထိုးနှံပေးလျက် ရှိသည်။
ကျောက်မဲမြို့နယ်တွင် အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍  ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ အားကစားဆိုင်ရာ သိကောင်းစရာဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။ 
တောင်ငူမြို့၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်သဘာဝဘေး ကော်မတီ​၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီများ​၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်(၄၅)ဦးတို့ ပါဝင်သော ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင် ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနားကို ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
မချမ်းဘော့မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား Physical Fitness Dance အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းဆောင်ရွက်
Dec 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။