သတင်းများ

လက်ပံတန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ၊ ဂိမ်းကစားပွဲကျင်းပ
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရုံး လူထုအခြေပြု ဗဟို ဌာန (Community Center)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂု​​​​​​​ဏ်ပြုနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ဂိမ်းကစားပွဲကို ယနေ့ နေ့လယ် ၁နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ်တွင်လူငယ်၊လူရွယ်များ”ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားကိုဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှဝန်ထမ်းများသည် ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လူငယ်၊ လူရွယ်များ” ကိုယ်ခံစွမ်းအား မြှင့်တင်ရေး အားကစားကို ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့်ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းများပြုလုပ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့နံနက်ပိုင်းတွင်ဖျာပုံမြို့ အထက-၁ကျောင်းတွင်ဆောင်ရွက်ကြသည်။
နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဆပ်ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 22,2021
နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာသနဓ‌ဇဓမ္မာစရိယဘွဲ့ရရှိတော်မူသော ဆရာတော်အား ဂုဏဝိသိဌ စာအောင်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Dec 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ လင်းရောင်ခြည်စာသင်တိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသော ကျောင်းထိုင်ဆရာတော် အရှင်ပညိဿရအား သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော် ကပ်လှူဂုဏ်ပြုပူဇော်ပွဲအား ယနေ့နံနက် ၉ နာရီခန့်က ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်ရှိ လင်းရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Dec 22,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာစက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာစက်မှုဇုန် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 22,2021
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ (၅/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
မတ္တရာမြို့နယ်၌ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ
Dec 22,2021
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မတ္တရာ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့အား ဖိတ်ခေါ်ကာ စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။