ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဇလွန် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(၂)ဇလွန် ၊အ.မ.က(ကမ်းနား) ၊ အ.မ.က(တတောင်ကွေ့) တို့၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

 

ဆေးထိုးစုရပ်များတွင်ဇူလိုင်လ(၃၀)ရက်နေ့က ပထမအကြိမ်ထိုးနှံခဲ့ကြသော ပြည်သူ( ၄၁၆ ) ဦးအားယခုဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ၊ အဖွဲ့ဝင်(၁)‌ဗိုလ်မှူးဝင်လွင်ဦးနှင့်တာဝန်ရှိသူများကကြည့်ရူ့အားပေးခဲ့ပြီး တပ်မတော်သားများ ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ ည်။

 

ဝေယံ