လင်းခေး ဩဂုတ် ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနေခြင်းအား မြို့နယ်အတွင်းရှိ အများပြည်သူတို့သိရှိနိုင်ရန်အတွက် ကြော်ငြာပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့(လင်းခေး-ဝမ်ဟတ်သွားလမ်း)နံဘေးတွင် စိုက်ထူရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခေတ္တခရိုင်မှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းတင်မိုးဆွေ၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလှကျော်နှင့် ခရိုင်/မြို့နယ် လဝကဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက် စုပေါင်းစိုက်ထူခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် နိုင်ငံနှင့်အဝှမ်းပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် (၃-၅-၂၀၂၁)မှ(၃၁-၁၁-၂၀၂၂) ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန သို့ လာရောက်ဆက်သွယ်၍ ပြုလုပ်သွားနိုင်ပါကြောင်း ပြည်သူလူထုတို့ လွယ်လင့်တကူ သိရှိနိုင်သည့်နေရာ၌ စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(ခရိုင်၊ပြန်/ဆက်)