ဖျာပုံ ဩဂုတ်၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာအ သက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီမှစတင်၍ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဖျာပုံမြို့ပေါ်တွင် ဆေးထိုး စုရပ်(၂)ခုခွဲ၍မြို့ပေါ် အထက(၁)နှင့်အ.ထ.က(၂)ကျောင်းတို့တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက်အဘိုးအဘွားများအား ယခင် ပထမအကြိမ်အဖြစ် ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ တွင် ထိုးနှံပြီးသူများအား ယခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် အ.ထ.က(၁)ကျောင်းတွင် လူဦးရေ(၁၈၀)ဦးနှင့် အ.ထ.က (၂)ကျောင်း တွင် လူဦးရေး(၁၃၀)ဦးတို့အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)