မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းအတွက် Call Center ဖွင့်လှစ်

မိုင်းငေါ့    ဩဂုတ်   ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား များနှင့် ဥပဒေအရ နိင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိသည်။

 သို့ဖြစ်ပါသောကြောင့် မိုင်းငေါ့မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရာတွင် အလွယ်တကူသိရှိနိုင်ရန်နှင့် စုံစမ်းမေးမြန်းနိုင်ရန် အတွက် Call Center (၀၉- ၇၈၀၉၁၆၅၇၇  နှင့် ၀၉- ၇၅၁၈၅၉၂၀၁ ) သို့ဆက်သွယ်၍ မေးမြန်းနိုင်‌ကြောင်း  သိရသည်။

   “လူမှုဘဝမြှင့်တင်ဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၁၆)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိူမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် မိုင်းငေါ့မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

 မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)