သတင်းများ

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖြစ် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးဇတ်တိုက်လေ့ကျင့်
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် တစ်စုံ တစ်ရာကျရောက်လာပါက ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ ကိုလျှင်မြန်စွာ တုံ့ပြန်ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့က ဧရာဝတီမြစ် အတွင်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ စိုးရိမ်ရေအမှတ်အောက်တွင်ရှိ
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင်  လွန်ခဲ့သော ၂၄ နာရီအတွင်းတိုင်းထွာချက်အရ မြစ်သာမြစ်ရေ(ပြင်သာ)သည် ယနေ့နံနက် ၀၆:၃၀ တိုင်းထွာချက်အရ (+၉) စင်တီမီတာ (၄)လက်မ မြင့်တက် ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
လွိုင်ကော်မြို့ နောင်ယားကန်နှင့် မင်းချောင်းကန်သာသို့ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက်
Aug 27,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်း စေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝ ရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် တတိယအကြိမ်ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ် ၊ နောင်ယားကန် တွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ ခေါင်းကြီးငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ မင်းချောင်းကန်သာတွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀) နှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
လေးမျက်နှာမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ကျွဲ၊ နွားများအား ဒေါင့်သန်းရောဂါနှင့်  ပေါင်ပုတ် လက်ပုတ် ကူးစက်ရောဂါကာကွယ်ဆေး(အခမဲ့)လိုက်လံထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်နိုင် မည့် ကျေးရွာများတွင် ကျွဲ၊ နွားများအား  ကူးစက်ရောဂါများ မဖြစ်ပွားစေရေး  ကာကွယ်ဆေး များ  လိုက်လံထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က  ဘုတ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၂၁၂၀စင်တီမီတာရောက်ရှိ ရန်တဖြည်းဖြည်းနီးလာ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၇၁ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၄၉ စင်တီမီတာလိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံကသိရသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင် မိုးစပါးများစိုက်ပျိုးလျက်ရှိ
Aug 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ်မိုးရာသီ မိုးစပါးများကို ထွန်ယက် စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်စိုး ၏လယ်မြေ ၁ဧကတွင်လည်း ကိုင်းဆည်ရေကိုအသုံးပြု၍ မိုးစပါးများစိုက်ပျိုးလျက်ရှိကြကြောင်းသိရသည်။