ရွှေကူမြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

 

ရွှေကူ  သြဂုတ်   ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သော  အကြောင်းအရာများကို အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍   အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက် (၁၁) နာရီ အချိန်က ရွှေကူမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန  Community  Centre   ခန်းမ၌ ပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး Talk  Show အစီအစဉ်ကို ဆွေးနွေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဆိုင်ရာ    အသိပညာပေး Talk   Show အစီအစဉ်တွင်  ရွှေကူမြို့နယ်၊ ပြန်/ဆက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးအောင်နိုင်ညွန့်တို့က  ပန်းခင်းစီမံချက် ဆောင်ရွက်ရ ခြင်း၏ရည်ရွယ်ချက်၊ လိုအပ်သည့်အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင် ရာတွင်      သတိပြုလိုက်နာကြရမည့်အခြေအနေများ ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများ အနေဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူများ၊ ပန်းခင်းစီမံချက်အရ ကွင်းဆင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးချက်များတွင် နိုင်ငံသားတစ်ဦးချင်းစီ၏  နိုင်ငံသားအခွင့်အရေးအပြည့်   အဝရရှိ စေရေးအတွက် နိုင်ငံသား အရည်အချင်း ပြည့်မှီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး
နှင့် အိမ်ထောင်စုစာရင်းရရှိရေးဆောင်ရွက်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ“ပန်းခင်းစီမံချက်”ဖြင့်နိုင်ငံနှင့်အဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေကူ
မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း စက်တင်ဘာလ(၁)ရက်နေ့မှစတင်၍ နိုဝင် ဘာလ(၃၀)ရက်နေ့အထိကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ရန်လိုအပ်သည့် အထောက်အထားများ ပြည့်စုံမှန်ကန်စွာဖြည့်သွင်း ဆောင်ရွက်ရန် အရေးကြီးပါသဖြင့် ပြည်သူများအနေဖြင့်လည်း အထောက်အထားများအား ပြည့် စုံမှန်ကန်စွာ ပေးဖို့လိုအပ်ကြောင်း၊ အခြားဒေသမှ ပြောင်းရွေ့လာပြီး အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ရွှေကူမြို့နယ် အတွင်းသို့  ရွေ့ပြောင်းနေထိုင်သူ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးရန် အတွက် သက်ဆိုင်ရာမြို့နယ်/ခရိုင်/တိုင်းဒေသကြီး  စီမံခန့်ခွဲရေးအဖွဲ့  အစည်းဝေး ဆုံးဖြတ် ချက်များဖြင့်  အဆင့်ဆင့်တင်ပြပြီး  ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွှေကူ မြို့နယ်အတွင်း  မွေးဖွားနေထိုင်ခဲ့သော်လည်း  အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားစသည့်  မည်သည့် အထောက်အထားမျှမရှိသော  မိသားစုဝင်များအတွက် (၅)ဦး ကော်မတီဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် “ လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင် ဆောင်ကြစို့ ” ဟူသည့် ဆောင်ပုဒ်နှင့်အညီပြည်သူ တစ်ရပ်လုံး  မိမိတို့ရပိုင်ခွင့်ရှိသော  နိုင်ငံ သားအခွင့်အရေး  မဆုံးရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ပါ ကြောင်း ဆွေးနွေးခဲ့ကြသည်။

ရွှေကူ (ပြန်/ဆက်)