ပေါင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပေါင် ဩဂုတ် ၂၇

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌  ဩဂုတ်လ ၂၇ ရက် နေ့လယ် ၁နာရီက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၆၅)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းက သက်ကြီးဘိုးဘွားများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ပေးရခြင်းအကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သက်ကြီး အဘိုး/ အဘွားများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးနေပြီဖြစ်သဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာနေပြည်သူများ ကျန်ရှိမှု မရှိစေရေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်မှထောက်ပံ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒုတိယ သုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၆၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၉၅၀၀၀၀/-)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

ဝဏ္ဏမောင်