ကော့ကရိတ် သြဂုတ် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ရေကြီးနစ်မြုပ်မှု ကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပထမအကြိမ် မိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်း စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်သူး လေထီးက မိုးစပါးထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့ သည့် မိုးစပါးစိုက်ခင်းဧကများကို ပြန်လည်ထူထောင်ရန်အတွက် ပထမအကြိမ် ထောက်ပံ့ပေးရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပထမအကြိမ် လှူဒါန်းထားသည့် ဆင်းသုခမိုးစပါး (၃၄၀) တင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးနှင့် တာဝန်ရှိသူများက စပါးစိုက်ခင်း တစ်ဧက လျှင် တစ်တင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၂၀)အုပ်စုမှ တောင်သူ (၃၅၅) ဦးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းတွင် ဇူလိုင်လ နောက်ဆုံးအပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ဟောင် သရောမြစ်နှင့် ဂျိုင်းမြစ်ရေကြီးမှုကြောင့် ကျေးရွာအုပ်စုပေါင်း (၂၀) အုပ်စုမှ တောင်သူ (၃၅၅) ဦးတို့၏ မိုးစပါးစိုက်ခင်းဧက (၈၃၅) ဧက ရေကြီးနစ်မြုပ်ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်