ပုသိမ် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်း/ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လည်ပိုင်းက မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံသို့ ရောက်ရှိပြီး ဆည်ရေဝင်ရောက်မှု အခြေအနေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးပေးဝေ နိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ မမြဆည်တာဝန်ခံ ဦးထင်လင်းမောင် က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့၊ အုတ်ပုံစုပေါင်းစစ်ဆေးရေး ဂိတ်သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဘက်ရဲမြို့လယ်မြေ (၁၀၀)ဧကစံပြစိုက်ခင်းအတွင်း ကွင်းအမှတ်(၅၈ဃ)၊ ဦးပိုင်အမှတ် (၁၆၉)တောင်သူ ဦးကျော်မျိုးဆွေ၏ ဧရာမင်းစပါး၊ မိုးစပါးမျိုးစေ့ထုတ် ဧက(၆၀)အား ကြည့်ရှုပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးစတိုင်းသာယာ နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ဒေသခံ တောင်သူ များနှင့် တွေ့ဆုံပြီးအားပေးစကားပြောကြားသည်။ ဆက်လက်၍ ဘက်ရဲတိုက်နယ်ဆေးရုံ၌ ကိုဗစ် ပိုးတွေ့လူနာအခြေအနေများအားမေးမြန်းပြီး oxygen concentrator စက်တစ်လုံး နှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက် ငွေကျပ်(၅)သိန်း အားထောက်ပံ့ပေးအပ်ရာ ဘက်ရဲတိုက်နယ်ဆေးရုံဆရာဝန်ကြီး ဦးအောင်မျိုးမြတ် ကလက်ခံရယူသည်။ ၎င်းနောက်ကြံခင်းမြို့ မြိုမရပ်ကွက် လမ်းမတော်လမ်း နှင့်မြို့ဦး ရပ်ရှိ အောက်ဆီဂျင် စက်ရုံတည်ဆောက်မှုနှင့်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ အားကြည့်ရှုပြီး မြို့နယ်အောက်ဆီဂျင် စက်ရုံတည်ဆောက်မှုကော်မတီ နှင့် တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဆရာဝန်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုရန် oxygenconcenratot(၂)လုံး၊ ppe အစုံ (၁၀၀)၊ ပိုးသတ်ဆေးရည်(၅)ဂါလံဝင်(၂)ပုံးအပါအဝင်ကာကွယ်ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပစ္စည်းများ နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၅) သိန်းကို ပေးအပ်ရာမြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်က လက်ခံရယူသည်။
ထို့နောက် မြန်အောင်မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးပစ္စည်း များနှင့် PPE Level 3 ဝတ်စုံ(၅၀)၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှပေးအပ်သော Oxygen Contractor (၃)လုံး နှင့် ဆေးပစ္စည်းများ ၊ ကျန်းမာရေးဝန်ထမ်းများ အတွက် အလှူငွေ (၅)သိန်းကျပ်ကို ပေးအပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း က လက်ခံရယူပြီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသိရသည်။
ကိုတွတ်(ပြန်//ဆက်)