သာစည် သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသသူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၆ ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာသစ်များမှာ ညောင်ရမ်းစျေးကျေးရွာအုပ်စု၊ နတ်အင်းကျေးရွာမှ အမျိုးသားနှစ်ဦး၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာမှ အမျိုးသမီးတစ်ဦး၊ မကျီးခွကျေးရွာအုပ်စု၊ အင်းကနက်ကျေးရွာမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်နှင့်အမှတ်(၄) ကျောင်းကြီးရပ်ကွက်ရှိ အ.ထ.က(၁) Positive ကုသဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပိုးတွေ့ရှိသူပေါင်း ၇၄၆ ဦး၊ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆင်းခွင့်ရရှိသူ ၁၆ ဦးရှိရာ ဆင်းခွင့်ရရှိသူပေါင်း ၆၄၅ ဦး၊ ဆေးကုသမှု ခံယူနေသူ ၆၄ ဦးနှင့် သေဆုံးသူ ၃၇ ဦးထိ ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်