သရက်ချောင်း ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပန်းခင်းစီမံချက်ဖြင့် သရက်ချောင်းတပ်နယ်အမှတ် (၄၀၄) ခြေမြန်တပ်ရင်း၌ အခြေပြု၍ ခမရ(၄၀၃)၊(၄၀၄)၊ (၄၀၅)တပ်ရင်းများအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေ စာရင်းများကိုကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်အသက်(၁၀-နှစ်ပြည့်/၁၈ နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြား (၄၉)ခု၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၇)ခု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၆)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၇)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
ကေခိုင်ဝင်း( သရက်ချောင်း)