မင်းလှမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်လာသူ ကိုရင်တစ်ပါးအပါအဝင် (၁၁)ဦး နေအိမ်ပြန်ခွင့်ရရှိ

မင်းလှ ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန် ထမ်းအိမ်ယာသစ်၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်လာသူ ကိုရင်တစ်ပါး အပါအဝင် (၁၁)ဦးကို နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသော အမှတ်(၇)ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်း အိမ်ယာသစ်မှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း(၁၁)ဦးတို့ကို ကျန်းမာ‌ရေးဝန်ထမ်း များက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာနေထိုင်ရန်နှင့် ကျန်းမားရေး အသိပညာပေးစကားများ ပြောကြား‌ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း(၁၉၅၉) ဦး၊ ဆေးရုံဆင်းခွင့်ရသူ(၁၇၄၄) ဦး နှင့်   ဆေးကုသခံယူနေသူ(၁၄၄) ဦးကျန်ရှိ‌ပြီး၊ သေဆုံးခဲ့သူ(၇၁)ဦးရှိကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများ တို့က ရောဂါကူးစက်ပြန့်နှံမှုမရှိစေရန် အသွားအလာများ ကန့်သတ်မှုပြုလုပ်ခြင်းကို မြို့ဝင်/မြို့ထွက် နေရာများတွင် အဖွဲ့ခွဲ့၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ပေါက်စ မင်းလှ