ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည် ကျန်းမာလာ

ဟားခါး    ဩဂုတ်  ၂၉ 

ဟားခါးမြို့တွင် ယမန်နေ့က   ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူများအနက် (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ (၆၆၂)ဦး၊  ဆေးရုံဆင်းခွင့်ရသူ (၅၁၂)ဦး၊ သေဆုံးသူ (၂၀)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၃၀)ဦး ရှိသွားပြီဖြစ်‌ကြောင်း သိရသည်။