ကုန်းကြမ်း ဩဂုတ် ၂၉
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကုန်းကြမ်းမြို့နယ် ရပ်ကွက်၊ကျေးရွာများရှိဒေသခံများအား ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် ဆန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ခဲ့ရာ၌ ကုန်ကြမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ဒေသခံတို့အတွက် ဆန်(၈၅၀)အိတ်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်တို့မှ ဒေသခံများအား ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများသည် ကုန်းကြမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံခဲ့ပြီးနောက် ကုန်းကြမ်းမြို့အတွင်း ဆောင်ရွက်လျက်ရှိနေသော Clean and Gren City လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မာမာ ပြန်/ဆက်