မိုင်းလုံ သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မုန်းပြင်ကျေးရွာ အုပ်စု၊ မုန်းပြင်ကျေးရွာသို့ မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့်အဖွဲ့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မုန်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနွမ်ခေးဆေနှင့် ရွာသူကြီးတို့က ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများကိုစု၍ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးစာရင်းများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက် ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြန်လျောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျေးရွာအရောက်ဆောင်ရွက်ရာတွင် မိုးပြေကျေးရွာနေပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်လက်မှတ်မရှိသူ(၃၀)ဦးနှင့် အိမ်ထောင်စု(၅)စုတို့၏ စာရင်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်(မတ္တမြားမြေ)