ဟင်္သာတ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရုံးကြီးရပ်ကွက် ၊ရဲဖြတ်လမ်းရှိ မြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အသင်းရုံးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလိုင်း ကာလအတွင်း မြို့ပေါ်ရှိ အခြေခံ လူတန်းစား ပြည်သူများ စျေးနူန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်နှင့် ကြက်ဥများကို ယနေ့ နံနက် ၉ နာရီ မှ စတင်ကာ ရောင်းချ ပေးလျှက်ရှိပါသည်။
ထိုသို့ ရောင်းချပေးခြင်းကို ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာလတွင် သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း စနစ်တကျ ရောင်းချ ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မူနှင့်အညီ စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဟင်္သာတမြို့ရှိ မွေးမြူရေး လုပ်ငန်းရှင်တို့ ပူးပေါင်း၍ တစ်ရက်လျှင် လူတစ်ဦးကို ဧည့်မထဆန် တစ်ပြည် (၁၀၀၀)ကျပ်နူန်းဖြင့် တစ်နေ့လျှင် ဆန်အိတ် (၃၀ ) ၊ ကြက်ဥ တစ်လုံးလျှင် (၁၀၀ ) ကျပ်ဖြင့် တစ်ဦးလျှင် (၅ )လုံးနူန်းဖြင့် ကြက်ဥ အလုံး တစ်ထောင်တို့ကို အဆိုပါအသင်းရုံးတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း စက်တင်ဘာလ ၆ ရက်နေ့အထိ မည်သူမဆို လာရောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ကိုဇော်