ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ  ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်

ပွင့်ဖြူ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရ သည့် ကြီးအုံကြီးဝတမံ သည် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာမှ ယမန်နေ့ နံနက်ပိုင်းက တမံရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံ ကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။ 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှု များရှိခဲ့ပြီး တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ခန့်အထိ ရေကျော်ကျမှု ရှိခဲ့ပြီး ယခုနောက်ပိုင်း မိုးရွာသွန်းမှု မရှိတော့သဖြင့် တမံအတွင်း မိုးရေဝင်ရောက်မှုလည်း မရှိတော့သည့်အတွက် တမံရေပိုလွှဲမှ ရေကျော်ကျမှု  ရပ်တန့်သွားပြီဖြစ်ကြောင်း သိရသည်။
    
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှာ ဩဂုတ်လဆန်းပိုင်းက အထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု ကြောင့်  တမံအတွင်း မိုးရေဝင်ရောက်မှုရှိခဲ့လို့ တမံရေပြည့် အမှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ   (၂ဒသမ ၇) ပေခန့်အထိ ရေကျော်ကျမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ မိုးကလဲမရွာတော့တဲ့အတွက် ရေဝင်ရောက်မှု လည်း မရှိတော့တဲ့အတွက်ကြောင့် ဒီနေ့မနက်(၆)နာရီအချိန် တိုင်းထွာရာမှာ တမံရေပြည့်မှတ် ဖြစ်တဲ့ ၃၄၀ ပေ အောက် ၃၃၉ ဒသမ ၉ ပေ ဖြစ်လို့ တမံရေပိုလွှဲကနေ ရေကျော်နေမှု ရပ်တန့်သွားပြီဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ တာဝန်ခံ(AE) ဦးစိုးတင့်က ပြောကြားသည်။   

ရဲဝင်းနိုင် (ညောင်ဦး)