ကျိုင်းတုံ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား “ပန်းခင်းစီမံချက်”အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၆)နာရီက ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ခန်းမဆောင်၌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်သူတစ်ဦးချင်အလိုက် အရေး ကြီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား နိုင်ငံသားတိုင်းလက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင် ဆောင်ခွင့်သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် “ပန်းခင်း” စီမံချက်ရေးဆွဲဆောင်ရွက် ပေးလျက်ရှိ ကြောင်းပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရှမ်းပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ သယံဇာတ ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဉပဒေချုပ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ (အတွင်းရေးမှူး) တို့ကအသီးသီးပေးအပ်ခဲ့ရာ ကာယကံရှင်များနှင့်တာဝန်ရှိသူများက ပြန်လည်လက်ခံရယူခဲ့သည်။
ယင်းနောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ခံ ရယူသူများ ကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများလက်ဝယ် ပေးအပ်နိုင်ရေးအတွက် ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် ပန်းခင်း စီမံချက်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စု(၁၇၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၆၆)ကတ်အား ပေးအပ် နိုင်ခဲ့ကြောင်းသိရသည်။
စိုင်းရွှေအောင်