ငပုတော ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် မှုဖြစ်ပွားနေစဉ်ကာလတွင်း အခြေခံစားသောက် ကုန်တစ်မျိုးဖြစ်သည့် ဆန်များအား ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူတစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယနေ့ နံနက်မှစ၍ တစ်ပတ်ကြာသည်အထိ ပြည်သူများထံသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ဆန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မနောသုခဆန် အမျိုးအစားတစ်ပြည်လျှင် ငွေကျပ်၁၀၀၀/နှုန်း၊ ဇီယာဆန်အမျိုးအစား တစ်ပြည်လျှင် ငွေကျပ် ၉၀ဝိ/ကျပ်နှုန်းဖြင့် တစ်ပတ်ကြာ ရောင်းချပေးသွားမည်ဖြစ်ကာ ဆန်များရောင်းချရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်ချက်များနှင့်အညီ ဆောင်ရွက်ထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များကလည်း ပြည်သူများ ဆန်ဝယ်ယူမှုအခြေအနေများအားလာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ်