ချောက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်စစ်ဆေးခြင်းကို ရွေ့လျား Mobile ယာဉ်ဖြင့် ယနေ့ နံနက် ပိုင်းကစတင်၍ ရပ်ကွက်/ကျေးရွာများအရောက် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ရွေ့လျား Mobile ယာဉ်ဖြင့် ဩဂုတ်လ(၂၇)ရက်နေ့နှင့် ဩဂုတ်လ(၂၈)ရက်နေ့တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ချောက်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့က အမှတ်(၁၅)ရပ်ကွက်၊ ဩဇာတောကျေးရွာအုပ်စု၊ ဩဇာတော ကျေးရွာ၊ ဂွေးချိုကျေးရွာအုပ်စု၊ ဂွေးချို ကျေးရွာနှင့် တောင်နောက်ကျေးရွာ၊ အုံမြားကြီး ကျေးရွာအုပ်စု၊ အုံမြားကြီးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ရာ Test Kitsဖြင့် စစ်ဆေးသူ သံဃာ(၂၀)ပါး၊ ကျား(၁၂)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၄၅)ဦးတို့အား စစ်ဆေးခဲ့ရာ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း(၃)ဦး တွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့ရှိသူများအား သီးခြားနေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိ ပါကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။
မချို