ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်

ချောက်   သြဂုတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ချောက်မြို့နယ်တွင် ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင် နှင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စတုတ္ထနေ့ကို ယမန်နေ့ နံနက် (၇) နာရီမှ စတင်၍ကွင်းဆင်းကာ Mask Campaign ပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ ကျေးရွာ(၆၁)ရွာ၊ အိမ်ခြေ (၇၉၉၉)၊ လူဦးရေ (၄၃၉၈၃)ဦးတို့အား  Mask (၄၃၉၈၃)ခုကို ကျေးရွာများ အရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ရာတွင် ဩဂုတ်လ(၂၅)ရက်နေ့မှ ဩဂုတ်လ (၂၈)ရက်နေ့အထိ ကျေးရွာအုပ်စု (၅၁) အုပ်စု၊ ကျေးရွာ (၂၂၆)ရွာ အိမ်ခြေ (၃၂၆၉၅) ၊လူဦးရေ (၁၆၂၄၉၄)ဦးအတွက်  Mask (၁၆၂၄၉၄)ခုအား ကျေးရွာများအရောက်ဖြန့်ဝေပြီးစီးကြောင်း တာဝန်ရှိသူထံမှသိရသည်။

မချို(ချောက်)