သရက်မြို့၌ Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

 

သရက် ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ သြဂုတ် ၂၇ ရက်နေ့မှစတင်ကာ ရပ်ကွက်/ ကျေးရွာများအရောက် Mobile Test  Kit Motor  Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အား ကစားကွင်းရှိ  ယာယီပျံကျဈေးရှိ ဈေးသည်များနှင့် ပြည်တော်အေးရပ်ကွက်ရှိ ဓမ္မာရုံ၊ အနောက်ရပ် တောင်ပိုင်းရှိ ဓမ္မာရုံတို့တွင် ရပ်ကွက်အတွင်းမှ ပြည်သူများအား ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ  အခမဲ့ စစ်ဆေးပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးရာတွင် ရောဂါပိုးရှိသူနှင့်ထိတွေ့မှုရှိ/ မရှိ၊ ဖျားနာခြင်းရှိ/ မရှိ စနစ်တကျစာရင်းများ ကောက်ယူရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် များများစစ် မြန်မြန်တွေ့ မြန်မြန်ကုသဆိုသည့် ဆောင်ပုဒ်နှင့် အညီ  မြို့နယ် ကိုဗစ်-၁၉ Mobile Swab Team အဖွဲ့က  Mobile Test  Kit Motor  Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးသူ (၇၄)ဦး တို့ကို စစ်ဆေးပေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆရာ ဝန်ကြီးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးတို့က လှည့်လည်ကြည့်ရှု၍ လာရောက်စစ်ဆေးသူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

ဇော်ဝမ်းထွန်း