သတင်းများ

လသာမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 30,2021
မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများအပါအဝင်ကမ္ဘာတစ်ဝှန်းတွင်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါကူးစက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ် နိုင်စေရန်ရည်ရွယ်ပြီးမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြူးချောင်းဆည်အတွင်း ငါးသယံဇာတ ပေါကြွယ်၀စေရေး ငမြစ်ချင်းသားပေါက် ငါးမျိုးစိုက်ထည့်
Aug 30,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးချောင်းဆည်မှတဆင့် အခြားချောင်း၊ မြောင်း၊ အင်းအိုင်များအတွင်း ငါးမျိုးများ ပြန့်နှံ့၍ ဒေသအတွင်း ငါးသယံဇာတများ ပေါကြွယ်၀စေပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေကာ ငါးစားသုံးမှု ဖူလုံစေရေးအတွက်ရည်ရွယ်၍ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဖြူးချောင်းဆည်အတွင်းသို့ ငမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၃)သိန်းကျော်ကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အလှူငွေနှင့်ပစ္စည်းပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲပြုလုပ်
Aug 30,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အလှူငွေနှင့်ပစ္စည်း ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၁၀၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ပေဝက်ခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မအူပင်ခရိုင်မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်ရှိသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မြောင်းမြို့တွင် Home Garden သီးနှံမျိုးစေ့ ပေးအပ်ပွဲကျင်းပ
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့တွင် Home Garden သီးနှံမျိုးစေ့နှင့် Gypsumကျောက်မှုန့်ပေးအပ်ပွဲကို ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများအား ဒုတိယအကြိမ် ထိုးနှံခြင်းများ စတင်ဆောင်ရွက်
Aug 30,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် Sinopharn ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ(၃၀)ရက်၊ နံနက်(၈)နာရီမှ စတင်ကာ စုရပ်(၄)နေရာ၌ တစ်ပြိုင်နက်တည်း စတင်ထိုးနှံခဲ့ကြောင်း သိရသည်။