ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အလှူငွေနှင့်ပစ္စည်းပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲပြုလုပ်

ဟိုပန်  ဩဂုတ် ၃၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အလှူငွေနှင့်ပစ္စည်း ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ပထမဦးစွာ ဥက္ကဋ္ဌဦးညီနပ်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ငွေအားဖြင့်လည်းကောင်း၊ ပစ္စည်းအားဖြင့် လည်းကောင်း ပါဝင်လှူဒါန်းခဲ့သည့် ရပ်နီး/ရပ်ဝေးအလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ စေတနာရှင် အလှူရှင်များ ပူးပေါင်းပါဝင်မှသာ ရောဂါကို ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

 

ထို့နောက် ဇွန်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၃၀ ရက်နေ့ထိ ရပ်ဝေးအလှူရှင်(၁၈)ဦး၊ ဒေသတွင်း အလှူရှင်(၄၃)ဦးတို့က အလှူငွေကျပ် ၁၉၈၆၈၀၀၀/-နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးသုံးပစ္စည်းများကို လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို အလှူရှင်းများအား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)