သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး
Aug 31,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တိုက်ပွဲရှောင်စခန်းများမှ အသက်(၄၅)နှစ် နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ကျိုင်းတုံ မြို့ပေါ်ရှိတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့်တွေ့ဆုံ
Aug 30,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း ၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၇) နာရီက ကျိုင်းတုံ ဝစီပိတ်ကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကြပြီး အလှူတော်ငွေ ကျပ်(၅၀) သိန်း နှင့် ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်း ပေးကြကြောင်းသိရသည်။
မိုင်းရှူးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(စတုတ္ထနေ့)ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ (၃:၀၀)နာရီအထိမိုင်းရှုးမြို့၊ ရပ်ကွက်(၁)၊ တရုတ်ဘုံ ခန်းမ၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) အား ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ကျောင်း၊ ပညာရတနာတန်ဆောင်ခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများမှ ရသေ့တောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 30,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်မြင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်တွင် တုန်ဟုန်းဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင်(ဒုတိယ)အကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး
Aug 30,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ အ-ထ-က သရက်ချောင်း ကျောင်း ဆေးထိုးစုရပ်တွင်စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမြင့်တက်၍ ယာယီရေဘေးရှောင်စခန်းများသို့ ခိုလှုံနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
Aug 30,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေသည့် အိမ်ထောင်စုခြောက်စုအား ညောင်ဦး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ယနေ့နေလယ် ၁နာရီအချိန်က ရေဘေးရှောင်စခန်းသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။