သတင်းများ

မြင်းမူမြို့နယ်တွင် မိုးရွာသွန်းမှု ဆက်လက်များပြားမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပွား
Aug 30,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် မုံရွာ-မန္တလေးသွား ကားလမ်းနေရာအချို့ ရေကျော်မှုဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများ ပူးပေါင်းကာ ကူညီဆောင်ရွက်မှုများ ဆောင်ရွက် ပေးခဲ့ ကြောင်း သိရှိရသည်။
ကလေးမြို့၌ မြစ်သာမြစ်(ပြင်သာ)ရေ အနည်းငယ်မြင့်တက်သော်လည်း စိုးရိမ်ရေ အမှတ်အောက်တွင်ရှိ
Aug 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် မိုးများရွာသွန်းနေပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း မြစ်သာမြစ်ရေ(ပြင်သာ)သည် +၃၉ စင်တီမီတာ (၁.၃ ပေ) မြင့်တက်ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 30,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဦးစားပေး အစီအစဉ်တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ စျေးရောင်းသူများ၊ ပြည်သူများနှင့် အများဆုံး ထိတွေ့ဆက်ဆံရသော ယာဉ်မောင်းယာဉ်နောက်လိုက်များနှင့် ပရဟိတအဖွဲ့ဝင်များ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများအား ယနေ့နံနက်၉နာရီက ကျိုက်မရောမြို့ပေါ်ရှိ ရသေ့ကျောင်းတိုက်နှင့် ကလိုင်းကနိုင် မူလွန်ကျောင်းခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
မြင်းမူမြို့နယ်တွင် မိုးရွာသွန်းမှု ဆက်လက်များပြားမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပွား
Aug 30,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် မုံရွာ-မန္တလေးသွား ကားလမ်းနေရာအချို့ ရေကျော်မှုဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများ ပူးပေါင်းကာ ကူညီဆောင်ရွက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေး
Aug 30,2021
လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သြဂုတ် (၂၇)ရက်မှ စတင်ပြီး လွိုင်ကော်မြို့ သာသနာ့ဗိမာန်၊ ပြည်နယ်ခန်းမနှင့် ကိုဗစ် ကုသရေးစင်တာတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူများကို Tesk Kit ဖြင့် အခမဲ့စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအလှူရှင်များမှ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း
Aug 30,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအလှူရှင်များမှ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းနှင့် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လေလံရောင်းချခြင်း အခမ်းအနားပြုလုပ်
Aug 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်စည်ပင် သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် သားသတ်လုပ်ငန်းနှင့်အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လေလံရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်က မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင် ပြုလုပ်သည်။
ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး
Aug 30,2021
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ဩဂုတ်လ(၃၀)ရက် နံနက် ပိုင်းမှစတင်ကာ ပထမအကြိမ်ထိုးထားသည့် ရက်အလိုက် သတ်မှတ်ထားရှိသည့် ဆေးထိုး နေရာ (၃) နေရာ၌ ဦးစားပေးအစီအစဉ်အတိုင်း နံနက် (၈) နာရီမှ နေ့လယ် (၂) နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။