လသာ ဩဂုတ် ၃၀
မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများအပါအဝင်ကမ္ဘာတစ်ဝှန်းတွင်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါကူးစက်မှုအား အထိုက်အလျောက် ကာကွယ်ထိန်းချုပ် နိုင်စေရန်ရည်ရွယ်ပြီးမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများအား ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံမည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း တို့ကိုဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်၊၊
ကာကွယ်ဆေးထိုးနှံရာနေရာသို့လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်ကွပ်ကဲ၍မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကိုကိုဦးစီးပြီးသူနာပြုများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်များ၊ ပရဟိတ volunteer များကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။