ပျော်ဘွယ် ဩဂုတ် ၃၀
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် Sinopharn ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ(၃၀)ရက်၊ နံနက်(၈)နာရီမှ စတင်ကာ စုရပ်(၄)နေရာ၌ တစ်ပြိုင်နက်တည်း စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာ၌ စုရပ်(၄)နေရာဖြစ်သည့် ရှမ်းပွဲရပ်ကွက်ရှိ ရာပြည့်သာသနာ့ဗိမာန်၊ ရန်အောင်(အထက)၊ ယင်းတော် (အထက)၊ အရှေ့လျှော်ဖြူကုန်း(အထက)တို့တွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ပထမအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း အထောက်အထား ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုတွင် အသက်(၆၅)နှစ်နှင့် အဘိုးအဘွားများ၊ သံဃာတော်နှင့် သီလရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည့် ဦးစားပေး အုပ်စုအလိုက် ထိုးနှံပြီးစီးမှုမှာ (၇၄၁၀)ဦးဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)